ကျွန်ပ်တို့သည် သခင်ခရစ်တော်၏ နောက်လိုက်များဖြစ်ကြပါသည်။ ကျွန်ပ်တို့သည် ကလေးများက ဘုရားသခင်ဆီမှလာသည့် ဆုကျေးဇူးလက်ဆောင်များဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့အတွက်ကြောင့် ကလေးများသည် ချစ်ခြင်းမေတ္တာထားခြင်းခံရသောသူ၊ အကာကွယ်ပေးခြင်းခံရသောသူ နှင့် ပြုစုပျိုးထောင်ခြင်းခံရသောသူများဖြစ်ကြပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ များစွာသော ကလေးသူငယ်များသည် ဆင်းရဲဒုက္ခများကိုခံစားနေကြရပြီး အန္တာရယ်ဖြစ်စေသည့်အခြေအနေများကိုကြုံတွေ့နေရပါသည်။ ကမ္ဘာတဝှမ်းတွင် ဆင်းရဲတွင်း၌ရှိသော ကလေးသူငယ်ပေါင်းသန်းပေါင်း ၄၀၀ကျော် ရှိပါသည်။ သခင်ခရစ်တော်မှ ယနေ့အသင်းတော်များနှင့် ကျွန်ပ်တို့အားမှာကြားထားသည်မှာ ဆင်းရဲသောသူများနှင့် ထိခိုက်လွယ်သောသူများကိုသာလျှင် စောင့်ရှောက်ကူညီခြင်းမဟုတ်ပဲ ကလေးသူငယ်များအားလည်း ချစ်ခြင်းမေတ္တာပေးရန် နှင့် အကာအကွယ်ပေးရန် အတွက်ပါ ထည့်သွင်းမှာကြားထားပါသည်။ သခင်ခရစ်တော်ကလေးများအတွက် ဖြစ်သလို ကျွန်ပ်တို့သည်လည်း သခင်ခရစ်တော် ကဲ့သို့ပင် ကလေးများအတွက် ကြည်ရူစောင့် ရှောက် ချစ်ခြင်းမေတ္တာပေးကာ အကာအကွယ်အပြည့်အဝပေးရမည်ဖြစ်ပါသည်။
လူအဖွဲ့အစည်း၊ လူမှုအသိုင်းအဝိုင်းများ၊ မိသားစုများနှင့် အသင်းတော်များ၏ အနာဂါတ်ရှင်သန်ကြီးထွားမှုသည် ယနေ့ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုပေါ် တွင် မူတည်နေသည်ဟု ကျွန်ပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် ကျွန်ပ်တို့သည် အထူးသဖြင့် ဆင်းရဲတွင်းရှိကလေးသူငယ်များအား ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကလေးသာသနာလုပ်ငန်းထိရောက်မှုရှိစေရန်အတွက် ဒေသခံအသင်းတော်များ၏ စွမ်းဆောင်ရည်မြင့်တင်ရေး အားကောင်းလာစေရန် အတွက် ကျွန်ပ်တို့ ရပ်တည်နေပါသည်။
compassion international မှ ထုတ်လွှင့်သည့် ဤမြန်မာဝက်ပ်ဆိုဒ်သည် ကလေးသူငယ်များအားသခင်ယေရှုနာမဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်ရန်အတွက် ဆက်ကပ်အပ်နှံမည့် သခင်ခရစ်တော်နောက်လိုက်များနှင့် ပြည့်စုံသည့် လူထုအသိုင်းအဝိုင်းများတည်ဆောက်လာစေရန် ရည်ရွယ်ပါသည်။ ထိုလူထုအသိုင်းအဝိုင်းသည် သခင်ခရစ်တော်ကိုယုံကြည်ပြီး အမြင်ကြယ်ကြယ်အချင်းချင်းအကူအညီပေးနိုင်သောအသိုင်းအဝိုင်း ဥပမာ အသိပညာ ဗဟုသုတများ မျှဝေဖလှယ်ခြင်း၊ နည်းပညာ၊ အတွေ့အကြုံများ နှင့် အတွေးအမြင်များ တစ်ဦးနှင့်တစ်ဦး လှယ်ခြင်း ဖြင့် အသင်းတော်အသီးသီးတိုင်းရှိ ကလေးသာသနာအမှုတော် မြတ်လုပ်ငန်း ပိုမိုအားကောင်းလာပြိး ကလေးများ ဘေးအန္တရယ် ဆင်းရဲတွင်းမှလွတ်မြောက်လာစေရန် ရည်ရွယ်ပါသည်။
ကျွန်ပ်တို့သည် အချင်းချင်း တစ်ဦးနှင်တစ်ဦး အတွေးအမြင်များ၊ အသိပညာဗဟုသူတများ၊ နည်းပညာများ မျှဝေခြင်းဖြင့် ဆင်းရဲတွင်းမှလွတ်မြောက်ကာ ကလေးများရှင်သန်ကြီးထွားလာစေရန်ရည်ရွယ်၍ ပူးပေါင်းပါဝင်သော လူထုအသိုင်းအဝိုင်းများ တည်ဆောက်လာနိုင်ရန်အတွက် ကျွန်ပ်တို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်ပါသည်။
[1] Olinto, P., Beegle, K., Sobrado, C., & Uematsu, H. (2013). The State of the Poor: Where Are The Poor, Where Is Extreme Poverty Harder to End, and What Is the Current Profile of the World’s Poor? Economic Premise, 125. doi:October 2013